新型コロナウイルス感染症対策新型コロナウイルス感染症対策

Covid-19 ကူးစက်ရောဂါ အရေးပေါ်အခြေအနေကြေညာချက်

အရေးပေါ်အခြေအနေကြေညာချက်လုပ်ဆောင်မည့်ကာလ

၂၀၂၁ ခုနှစ် မေလ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ

အရေးပေါ်အခြေအနေကြေညာချက်လုပ်ဆောင်မည့်ဒေသ

အိုခီနဝါခရိုင်

အရေးပေါ်အခြေအနေကြေညာချက်လုပ်ဆောင်မည့်ကာလ

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ

အရေးပေါ်အခြေအနေကြေညာချက်လုပ်ဆောင်မည့်ဒေသ

တိုကျိုမြို့၊

အရေးပေါ်အခြေအနေကြေညာချက်လုပ်ဆောင်မည့်ကာလ

၂၀၂၁ ခုနှစ် သြဂုတ်လ ၂ ရက်မှ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ

အရေးပေါ်အခြေအနေကြေညာချက်လုပ်ဆောင်မည့်ဒေသ

ဆအိတမခရိုင်၊ ချိဘခရိုင်၊ ခနဂဝခရိုင်၊ အိုဆာကာစီရင်စု

ရောဂါကူးစက်ပြန့်ပွားမှုတားဆီးရေးစသည့်ဦးစားပေးစီမံချက်

ရောဂါကူးစက်ပြန့်ပွားမှုတားဆီးရေးစသည့်ဦးစားပေးစီမံချက် လုပ်ဆောင်မည့်ကာလ

၂၀၂၁ ခုနှစ် သြဂုတ်လ ၂ ရက်မှ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ

ရောဂါကူးစက်ပြန့်ပွားမှုတားဆီးရေးစသည့်ဦးစားပေးစီမံချက် လုပ်ဆောင်မည့်ဒေသ

ဟော့ကိုင်းဒိုး၊ အိချိဂဝခရိုင်၊ ကျိုတိုစီရင်စု၊ ဟရောဂို့ခရိုင်၊ ဖုခုအိုခခရိုင်

မိဘပြည်သူလူထုများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေးတွင် ပူးပေါင်းပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

■အရေးပေါ်အခြေအနေကြေညာချက်ထုတ်ပြန်ထားသည့်ဒေသအတွင်းရှိပြည်သူလူထုများထံ မေတ္တာရပ်ခံချက်

  • ကူးစက်ရောဂါတားဆီးရေးအခြေခံဆောင်ရွက်ချက်များအပြင်၊ကျေးဇူးပြု၍ အောက်ပါအချက်များကိုလိုက်နာပါ။
  • နေ့ဘက်အတွင်းမလိုအပ်ဘဲအပြင်ထွက်ခြင်း၊သွားလာလှုပ်ရှားခြင်းကိုရှောင်ကြဉ်ပါ။အထူးသဖြင့် ၂၀နာရီနောက်ပိုင်းမလိုအပ်ဘဲအပြင်သွားလာခြင်း၊ လူနေထူထပ်သောနေရာ/အချိန်များအတွင်းသွားလာခြင်း၊
    ကူးစက်ရောဂါတားဆီးရေးအခြေခံဆောင်ရွက်ချက်များအားလုပ်ဆောင်ထားခြင်းမရှိသော စားသောက်ဆိုင်များသို့သွားရောက်ခြင်းများကိုလုံးဝ
    ရှောင်ကြဉ်ပါ။
  • ရောဂါကူးစက်မှုကိုအခြားဒေသများသို့ကူးစက်ခြင်းမှကာကွယ်ရန် မလိုအပ်ပဲ နေရပ်သို့ပြန်ခြင်းသို့မဟုတ်ခရီးသွားခြင်းကဲ့သို့သောစီရင်စုများခရိုင်များအကြားသွားလာခြင်းကိုရှောင်ကြဉ်ပါ။ မဖြစ်မနေသွားလာရန် လိုအပ်ပါက ရောဂါကူးစက်မှုကိုသေချာစွာကာကွယ်ထိန်းချုပ်ရန် ​နှင့် ထွက်ခွာခြင်းမပြုမီသို့မဟုတ်ရောက်ရှိသည့်နေရာတွင်စစ်ဆေးရန်။
    * ဆေးရုံဆေးခန်းများသို့သွားလာခြင်း၊ ဆေးဝါးနှင့်နေ့စဉ်သုံးပစ္စည်းများဝယ်ယူခြင်း၊ အလုပ်သွားခြင်း၊ အိမ်ပြင်ပလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းစသဖြင့်‌ နေ့စဥ်နေထိုင်မှုဘဝနှင့်
    ကျန်းမာရေးအတွက် လိုအပ်သောကြောင့် အပြင်သွားလာခြင်းများကိုတားမြစ်ထားခြင်းမရှိပါ။
  • ကျေးဇူးပြု၍ လူသွားလမ်းများ၊ ပန်းခြံများတွင်
    ဝိုင်းဖွဲ့၍ အရက်သေစာသောက်စားခြင်းများအား ရှောင်ကြဥ်ရန်။

■ရောဂါကူးစက်ပြန့်ပွားမှုတားဆီးရေးစသည့်ဦးစားပေးစီမံချက် လုပ်ဆောင်မည့်ဒေသအတွင်းရှိပြည်သူလူထုများထံ မေတ္တာရပ်ခံချက်

  • ကူးစက်ရောဂါတားဆီးရေးအခြေခံဆောင်ရွက်ချက်များအပြင်၊ကျေးဇူးပြု၍ အောက်ပါအချက်များကိုလိုက်နာပါ။
  • လျှော့ချသတ်မှတ်ထားသောအချိန်ပြင်ပတွင်စားသောက်ဆိုင်များသို့သွားလာခြင်းများကိုရှောင်ကြဥ်ရန်။ထို့အပြင်နေ့ဘက်အတွင်းမလိုအပ်ဘဲအပြင်ထွက်ခြင်း၊သွားလာလှုပ်ရှားခြင်း၊ လူနေထူထပ်သောနေရာ/အချိန်များအတွင်းသွားလာခြင်း၊ကူးစက်ရောဂါတားဆီးရေးအခြေခံဆောင်ရွက်ချက်များအားလုပ်ဆောင်ထားခြင်းမရှိသော/အချိန်လျှော့ချသတ်မှတ်ရန်တောင်းဆိုမှုကိုလိုက်နာခြင်းမရှိသောစားသောက်ဆိုင်များသို့သွားရောက်ခြင်းများကိုရှောင်ကြဥ်ရန်။ဒါ့အပြင်ခရိုင်များအကြားမလိုအပ်ဘဲခရီးသွားလာခြင်း၊ အထူးသဖြင့် အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားသည့်ဒေသ သို့သွားလာခြင်းများကိုရှောင်ကြဥ်ရန်။
  • ကျေးဇူးပြု၍ လူသွားလမ်းများ၊ ပန်းခြံများတွင်
    ဝိုင်းဖွဲ့၍ အရက်သေစာသောက်စားခြင်းများအား ရှောင်ကြဥ်ရန်။

■အခြားဒေသများရှိပြည်သူလူထုများထံ မေတ္တာရပ်ခံချက်

  • ရောဂါကူးစက်မှုအန္တရာယ်တိုးပွားလာနိုင်သည့်အခြေအနေများဖြစ်သော「 ပိတ် ၊စု ၊ကပ် 」 နှင့် ရောဂါဖြစ်ပွားမှုနှုန်းတိုးပွားစေနိုင်သည့်အချက်၅ချက် စသည်တို့ကိုရှောင်ကြဥ်ပါ။
  • တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း စသည့် ကူးစက်ရောဂါကာကွယ်တားဆီးနိုင်သောအခြေခံနည်းလမ်းများကို လိုက်နာကျင့်သုံးပါ။
  • ကူးစက်ပြန့်ပွားမှုကိုကာကွယ်ရန် လူနေမှုဘဝပုံစံအသစ်ဖြင့် ပြုမူနေထိုင်ပါ။
  • နေရပ်သို့ပြန်ခြင်းသို့မဟုတ်ခရီးသွားခြင်းစသဖြင့် စီရင်စုများခရိုင်များကြားဖြတ်သန်းသွားလာသောအခါတွင် 「ပိတ် ၊စု ၊ကပ်」 ကိုရှောင်ရှား၍ကူးစက်ရောဂါကာကွယ်တားဆီးနိုင်သောအခြေခံနည်းလမ်းများကိုသေချာစွာလိုက်နာဆောင်ရွက်ပါ။ အထူးသဖြင့် လူအများနှင့်အတူတကွစားသောက်ခြင်းကိုရှောင်ကြဉ်ပါ။ အကယ်၍ သင့်တွင်အဖျားလက္ခဏာများရှိပါကနေရပ်ပြန်ခြင်းသို့မဟုတ်ခရီးသွားခြင်းကိုရှောင်ကြဥ်ပါ။
  • ကူးစက်ရောဂါပျံ့နှံ့နေသည့်ဒေသများသို့မလိုအပ်ဘဲသွားလာခြင်းကိုတတ်နိုင်သမျှရှောင်ကြဉ်ပါ။
  • စက်မှုလုပ်ငန်းလမ်းညွှန်ချက်များကိုလိုက်နာသည့် ဝန်ဆောင်မှုများကိုသာအသုံးပြုပါ။
  • လုပ်ငန်းခွင်အတွင်းရောဂါကူးစက်မှုကိုကာကွယ်ရန်အချက်များ(လက်ဆေးခြင်းနှင့်လက်သန့်စင်ဆေးရည်အသုံးပြုခြင်း၊ချောင်းဆိုးနှာချေသည့်အခါလိုက်နာရမည့်အချက်များအားလိုက်နာခြင်း၊ဝန်ထမ်းများအကြားလုံခြုံစိတ်ချရသောအကွာအဝေးထားရှိခြင်း၊လေဝင်လေထွက်ကောင်းမွန်အောင်ထားရှိခြင်း၊လူအများစုကိုင်တွယ်ထိတွေ့သောနေရာများကိုပိုးသတ်ခြင်း၊အဖျားလက္ခဏာရှိသောဝန်ထမ်းများကို အလုပ်သွားလာစေခြင်းမှရှောင်ကြဥ်ခြင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းနှင့်ပါတ်သက်သောခရီးစဉ်များလျှော့ချရန်အတွက် video conferencing ကိုအသုံးပြုခြင်း၊
    နေ့လည်စာစားချိန်အားအချိန်ခြားသတ်မှတ်ခြင်း၊
    ဝန်ထမ်းအဆောင်များကဲ့သို့ စုဝေးနေထိုင်ခြင်းများအတွက်ကာကွယ်ရေးလုပ်ဆောင်ချက်များထားရှိခြင်း)
    ကိုလက်တွေ့လိုက်နာကာကွယ်ကျင့်သုံး၍ ရောဂါကူးစက်မှုအန္တရာယ်တိုးပွားလာနိုင်သည့်အခြေအနေများဖြစ်သော「 ပိတ် ၊စု ၊ကပ် 」 နှင့် ရောဂါဖြစ်ပွားမှုနှုန်းတိုးပွားစေနိုင်သည့်အချက်၅ချက် တို့ကိုရှောင်ကြဥ်ရန်။ထို့အပြင်လုပ်ငန်းများနှင့်စတိုးဆိုင်များတွင် စက်မှုလုပ်ငန်းလမ်းညွှန်ချက်များကိုလိုက်နာကျင့်သုံးပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ထိန်းချုပ်ရေး လက်ကမ်းစာစောင်များ

* ဤလက်ကမ်းစာစောင်များကို ကုမ္ပဏီ၊ ကျောင်း (သို့မဟုတ်)လူစုလူဝေးရှိသည့်နေရာများတွင် ထားရှိခြင်း၊ ဖြန့်ဝေခြင်းစသည့် မည်သည့်ရည်ရွယ်ချက်အတွက်မဆိုဒေါင်းလုပ်ဆွဲ၍ပုံနှိပ်ထုတ်ဝေနိုင်ပါသည်။
(အချက်အလက်များအား ပြင်ဆင်ပြုပြင်ခွင့်မပြုပါ။)

「 ပိတ် 」「 စု 」「 ကပ် 」ကိုရှောင်ရှားစို့။

PDF >

ကူးစက်ရောဂါထိန်းချုပ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး။

PDF >

ကူးစက်ရောဂါထိန်းချုပ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး။

PDF >

ကိုရိုနာဗိုင်းရပ်စ်သည်အောက်ပါနည်းလမ်းများမှတဆင့်ကူးစက်ပျံ့နှံ့သည်။

PDF >

ရောဂါကူးစက်မှုတားဆီးရေးအတွက် သတိပြုရန်အချက်များ

PDF >

ကူးစက်ပျံနှံ့မှုတားဆီးကာကွယ်ရန် ပူးပေါင်းဆောင်ရွက်ကြပါ။

PDF >

လူများနှင့်စုဝေးခြင်း ၊ ထိတွေ့ခြင်း အနည်းဆုံး (သုည) ဖြစ်အောင် ဦးတည်ကြပါစို့။

PDF >

ရောဂါကူးစက်မှုအန္တရာယ်တိုးပွားလာခြင်း「ဖြစ်ပွားမှုပုံစံ(၅)မျိုး」

ရောဂါကူးစက်မှုအန္တရာယ်တိုးပွားလာခြင်း「ဖြစ်ပွားမှုပုံစံ(၅)မျိုး」 PDF